ယဇ်ပုရောဟိတ်ပါရှုရနှင့်ယေရမိ ပဋိပက္ခဖြစ်ခြင်း 
၂၀
၁ ဣမေရ၏သားယဇ်ပုရောဟိတ်ပါရှုရသည် ဗိမာန်တော်အုပ်ချုပ်ရေးမှူးဖြစ်၏။ သူသည် ပရောဖက်ငါဟောပြောသောစကားများ ကိုကြားသဖြင့်၊- 
၂ ငါ့အားရိုက်နှက်ပြီးလျှင်ဗိမာန်တော်အတွင်း ဗင်္ယာမိန်အထက်တံခါးအနီးတွင် သံကြိုး များဖြင့်ချည်နှောင်၍ထား၏။- 
၃ နောက်တစ်နေ့နံနက်၌ပါရှုရသည်ငါ့အား အနှောင်အဖွဲ့မှလွှတ်လိုက်သောအခါ ငါ က``ထာဝရဘုရားသည်သင့်အားပါရှုရ ဟုအမည်ပေးတော်မမူ။ နေရာတကာ အကြမ်းဖက်သမားဟုမှည့်ခေါ်တော်မူ လေပြီ။- 
၄ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားကိုယ် တော်တိုင်က`ငါသည်သင့်အားကိုယ်အဖို့လည်း ကောင်း၊ မိတ်ဆွေများအဖို့လည်းကောင်း၊ ထိတ် လန့်ကြောက်ရွံ့ဖွယ်ကောင်းသူဖြစ်စေမည်။ ထို သူအပေါင်းတို့သည်လည်းရန်သူများ၏ဋ္ဌား ဖြင့်ကျဆုံးကြသည်ကိုသင်မြင်ရလိမ့်မည်။ ငါသည်ယုဒပြည်သားအပေါင်းတို့အား ဗာဗုလုန်မင်း၏လက်သို့အပ်တော်မူမည်။ သူသည်ထိုသူအချို့ကိုမိမိ၏ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားလျက်အချို့တို့ ကိုမူကွပ်မျက်လိမ့်မည်။- 
၅ ငါသည်ရန်သူတို့အားဤမြို့၏စည်းစိမ်ချမ်း သာမှန်သမျှကိုတိုက်ခိုက်လုယူစေမည်။ ဤ မြို့၏လက်ရှိဥစ္စာများနှင့်ပစ္စည်းပစ္စယမှန် သမျှနှင့် ယုဒဘုရင်များ၏ဘဏ္ဍာတော်တို့ ကိုဗာဗုလုန်ပြည်သို့သိမ်းယူသွားစေမည်။- 
၆ ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။ 
ထာဝရဘုရားအားယေရမိညည်းညူ လျှောက်ထားခြင်း 
၇ အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားလှည့်စားတော်မူသဖြင့်၊ 
ကျွန်တော်မျိုးသည်အလှည့်စားခံရပါ၏။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးထက် ခွန်အားကြီးတော်မူသည်ဖြစ်၍၊ 
ကျွန်တော်မျိုးကိုအနိုင်ရတော်မူပါ၏။ 
လူတိုင်းပင်ကျွန်တော်မျိုးကိုပြောင်လှောင်ကြ ပါပြီ။ 
သူတို့သည်ကျွန်တော်မျိုးအား 
တစ်နေကုန်တစ်နေခန်းပြက်ရယ်ပြုကြပါ၏။ 
၈ ကျွန်တော်မျိုးသည်ဟောပြောသည့်အခါတိုင်း 
အော်ဟစ်၍``အကြမ်းဖက်မှု၊ပျက်စီးမှု'' ဟူ၍ ကြွေးကြော်ရပါ၏။ 
အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏ 
ဗျာဒိတ်တော်ကို၊ပြန်ကြားသဖြင့် ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ 
သရော်စော်ကားပြုခြင်းကိုလည်းကောင်း အစဉ်မပြတ်ခံရပါ၏။ 
၉ သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ 
ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု 
ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် 
ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ 
ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ 
ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။ 
၁၀ ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ 
သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု 
နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို 
အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ 
ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် 
ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ 
သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ 
အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။ 
၁၁ သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်သည် စွမ်းရည်တန်ခိုးကြီးမားသောစစ်သည်တော် ကဲ့သို့ 
ကျွန်တော်မျိုးဘက်၌ရှိတော်မူသည်ဖြစ်၍၊ 
ကျွန်တော်မျိုးကိုနှိပ်စက်ညှင်းဆဲသူတို့ သည် ခြေချော်၍လဲကြပါလိမ့်မည်။ 
သူတို့သည်အဘယ်အခါမျှအနိုင် ရလိမ့်မည်မဟုတ်ပါ။ 
သူတို့သည်အောင်မြင်မှုမရနိုင်သဖြင့် အစဉ်ပင် အသရေပျက်ကြပါလိမ့်မည်။ 
သူတို့၏အသရေပျက်မှုသည်အဘယ်အခါ ၌မျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ပါ။ 
၁၂ သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား၊ 
ကိုယ်တော်ရှင်သည်လူတို့ကိုတရားသဖြင့် စစ်ဆေးတော်မူတတ်ပါ၏။ 
သူတို့၏စိတ်နှလုံးအကြံအစည်များကို သိတော်မူပါ၏။ 
သို့ဖြစ်၍ရန်သူများအားကိုယ်တော်ရှင် လက်စားချေသည်ကိုကျွန်တော်မျိုးမြင်ပါ ရစေ။ 
ကျွန်တော်မျိုးသည်မိမိ၏အမှုကိုလက် တော်သို့ ပေးအပ်၍ထားပါပြီ။ 
၁၃ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး သီဆိုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ 
ကိုယ်တော်သည်ဆင်းရဲသောသူတို့အား ဆိုးညစ်သူများ၏လက်မှကယ်ဆယ်တော် မူပါ၏။ 
၁၄ ငါမွေးဖွားသည့်နေ့သည်အမင်္ဂလာရှိပါစေသော။ 
ငါ့ကိုငါ၏မိခင်မျက်နှာမြင်သည့်နေ့သည် မေ့ပျောက်၍သွားပါစေသော။ 
၁၅ ``သားယောကျာ်းဖြစ်သည်။ 
သင်သည်သားယောကျာ်းကိုရရှိပါပြီ'' ဟူသော သတင်းကိုယူဆောင်လာကာ 
ငါ၏ဖခင်အားဝမ်းမြောက်ဝမ်းသာဖြစ်စေ သူသည် ကျိန်ခြင်းခံရပါစေသော။ 
၁၆-၁၇ ထိုသူသည်ကရုဏာကင်းမဲ့စွာထာဝရ ဘုရား 
ဖျက်ဆီးတော်မူသောမြို့များကဲ့သို့ဖြစ်ပါ စေသော။ 
မမွေးမဖွားမီကာလကပင်ငါ့ကိုမသတ်ခဲ့ သဖြင့် 
သူသည်နံနက်ချိန်၌ဝေဒနာနှင့်ဟစ်အော် သံများ ကိုလည်းကောင်း၊ 
မွန်းတည့်ချိန်၌တိုက်ပွဲဝင်ရန်အချက် ပေးသံများ ကိုလည်းကောင်းကြားရပါစေသော။ 
အကယ်၍သူသည်ငါ့ကိုသတ်ခဲ့ပါမူ 
ငါ့မိခင်၏ဝမ်းသည်ငါ၏သင်္ချိုင်းဖြစ်ပါ လိမ့်မည်။ 
၁၈ ငါသည်အဘယ်ကြောင့်ဖွားမြင်၍လာရပါ သနည်း။ 
ဝမ်းနည်းပူပန်ခြင်းနှင့်ဆင်းရဲဒုက္ခခံရန် သာလျှင် ဖြစ်ပါသလော။ 
ငါ၏ဘဝကိုအသရေပျက်မှုနှင့်နိဂုံးချုပ် ရန်ပင် ဖြစ်ပါသလော။