ကိုယ်ရေပြားရောဂါနှင့်ဆိုင်သောပညတ်များ 
၁၃
၁ ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အောက်ဖော်ပြပါပညတ်များကိုချ မှတ်ပေးတော်မူ၏။- 
၂ တစ်စုံတစ်ယောက်တွင်အရေပြား၌အနာစိမ်း ဖြစ်စေ၊ ဖူးယောင်နာဖြစ်စေ၊ အနာကွက်ဖြစ်စေ၊ ပေါ်လာသဖြင့် ဆိုးရွားသောကိုယ်ရေပြားရောဂါ စွဲမည့်လက္ခဏာရှိလာလျှင် ထိုသူကိုအာရုန်မှ ဆင်းသက်သောယဇ်ပုရောဟိတ်ထံသို့ခေါ် ဆောင်ခဲ့ရမည်။- 
၃ ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေးပြီး လျှင် အနာပေါ်ရှိအမွေးများဖြူ၍အနာ တွင်းနက်နေလျှင် ထိုသူ၌ဆိုးဝါးသောကိုယ် ရေပြားရောဂါစွဲကပ်နေပြီဖြစ်သောကြောင့် မသန့်ရှင်းသူဟူ၍အဆုံးအဖြတ်ပေးရ မည်။- 
၄ သို့ရာတွင်အနာကွက်ဖြူသော်လည်း အမွေး မဖြူ၊ အနာကွက်လည်းချိုင့်နေဟန်မရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအားခုနစ်ရက် ပတ်လုံးသီးခြားနေထိုင်စေရမည်။- 
၅ သတ္တမနေ့၌ယဇ်ပုရောဟိတ်သည် ထိုသူအား ထပ်မံစစ်ဆေးပြီးအနာသည် ပကတိအတိုင်း ပြန့်ပွားမှုမရှိဟုထင်မြင်လျှင် ထိုသူအား ခုနစ်ရက်ထပ်မံသီးခြားနေထိုင်စေရမည်။- 
၆ တစ်ဖန်သတ္တမနေ့၌ထိုသူအားထပ်မံစစ်ဆေး ၍ အနာညိုးလျက်မပြန့်ပွားကြောင်းတွေ့ရလျှင် ရိုးရိုးအနာဖြစ်သဖြင့်ဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟူ၍အဆုံးအဖြတ်ပေးရ မည်။ ထိုသူသည်မိမိအဝတ်များကိုလျှော်ဖွပ် ပြီးနောက် ဘာသာရေးထုံးနည်းအရသန့်ရှင်း စင်ကြယ်လာလိမ့်မည်။- 
၇ သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အနာကိုစစ်ဆေး၍ သန့်ရှင်းသူဟုအဆုံး အဖြတ်ပေးပြီးနောက်မှအနာပြန့်ပွားလာ လျှင် ထိုသူသည်ယဇ်ပုရောဟိတ်ထံ၌တစ် ဖန်အစစ်ဆေးခံရမည်။- 
၈ ယဇ်ပုရောဟိတ်သည်သူ၏အနာကိုထပ်မံ စစ်ဆေး၍အနာပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ် ရေပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းသူဟူ၍အဆုံးအဖြတ်ပေး ရမည်။ 
၉ တစ်စုံတစ်ယောက်သောသူ၌ ဆိုးရွားသောကိုယ် ရေပြားရောဂါစွဲလျှင် ထိုသူကိုယဇ်ပုရော ဟိတ်ထံသို့ခေါ်ဆောင်ခဲ့ရမည်။- 
၁၀ ယဇ်ပုရောဟိတ်သည်သူ့ကိုစစ်ဆေး၍ အရေ ပြားပေါ်တွင်အဖြူကွက်အနာရှိပြီး ထိုအဖြူ ကွက်ပေါ်ရှိအမွေးများဖြူလျက်အနာသည် လည်းပြည်တည်နေလျှင်၊- 
၁၁ ထိုအနာသည်ဆိုးရွားသောအရေပြားရောဂါ ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့် ရှင်းဟုအဆုံးအဖြတ်ပေးရမည်။ ထိုသူ၌ ရောဂါဆိုးစွဲလျက်ရှိကြောင်း သိသာထင်ရှား သဖြင့်သူ့အားသီးခြားနေထိုင်စေရန်မလို။- 
၁၂ အကယ်၍သူ၏အရေပြားရောဂါသည် ဦး ခေါင်းမှခြေထောက်သို့တိုင်အောင်ပြန့်ပွား လာလျှင်၊- 
၁၃ ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံ၍စစ် ဆေးရမည်။ သူ၏အနာသည် တစ်ကိုယ်လုံးပြန့် နှံ့သွားကြောင်းတွေ့ရှိရလျှင် ယဇ်ပုရောဟိတ် သည်သူ့အားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ သူသည်တစ် ကိုယ်လုံးဖြူဆွတ်သွားလျှင်ဘာသာရေးထုံး နည်းအရသန့်ရှင်းစင်ကြယ်၏။- 
၁၄ သို့ရာတွင်ထိုသူ၏ကိုယ်ပေါ်၌ အနာပေါက်လာ သည်နှင့်တစ်ပြိုင်နက်သူသည်မသန့်ရှင်းချေ။- 
၁၅ ထိုအခါယဇ်ပုရောဟိတ်သည်သူ့အားတစ်ဖန် စစ်ဆေး၍ ကိုယ်ပေါ်၌အနာပေါက်နေသည်ကို တွေ့ရှိရလျှင် သူ့ကိုမသန့်ရှင်းဟုဆုံးဖြတ်ရ မည်။ အနာပေါက်လာခြင်းသည်ဆိုးရွားသော ကိုယ်ရေပြားရောဂါစွဲခြင်းလက္ခဏာဖြစ်၍ ထိုသူသည်မသန့်ရှင်းချေ။- 
၁၆ အနာသည်ပျောက်ကင်း၍တစ်ဖန်ဖြူလာ လျှင် သူသည်ယဇ်ပုရောဟိတ်ထံသို့သွား ရမည်။- 
၁၇ ယဇ်ပုရောဟိတ်သည်သူ့ကိုတစ်ဖန်စစ်ဆေး ရမည်။ အနာသည်ပြန်၍ဖြူလာလျှင် သူသည် ဘာသာရေးထုံးနည်းအရစင်ကြယ်၏။ ယဇ် ပုရောဟိတ်သည်လည်းသူ့အားစင်ကြယ် သည်ဟုအဆုံးအဖြတ်ပေးရမည်။ 
၁၈ တစ်စုံတစ်ယောက်သောသူ၏ကိုယ်ရေပြားပေါ် တွင် ပျောက်ကင်းသွားသောအနာစိမ်းနေရာ၌၊- 
၁၉ ဖြူသောအဖုဖြစ်စေ၊ နီဖျော့ဖျော့အကွက်ဖြစ် စေပေါ်လာလျှင် သူသည်ယဇ်ပုရောဟိတ်ထံ သို့သွားရမည်။- 
၂၀ ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေးပြီးနောက် အနာတွင်းနက်လျက် အနာပေါ်ရှိအမွေးများ ဖြူလာကြောင်းတွေ့ရှိရလျှင် ထိုသူအားမသန့် ရှင်းဟုဆုံးဖြတ်ရမည်။ ထိုအနာသည်အနာ စိမ်းနေရာမှဖြစ်ပေါ်လာသောဆိုးရွားသည့် ကိုယ်ရေပြားရောဂါဖြစ်သည်။- 
၂၁ ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေး၍ အနာနေရာတွင်အမွေးများမဖြူ၊ အနာ တွင်းလည်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေလျှင်ထိုသူအားခုနစ်ရက်ပတ်လုံး သီးခြားနေထိုင်စေရမည်။- 
၂၂ အနာကွက်ပြန့်ပွားလာကြောင်းကိုတွေ့ရှိရ လျှင် ထိုသူ၌ရောဂါစွဲကပ်ပြီးဖြစ်၍သူ အားမသန့်ရှင်းဟုဆုံးဖြတ်ရမည်။- 
၂၃ သို့ရာတွင်အနာကွက်သည်မပြန့်ပွားဘဲ နဂိုမူလအတိုင်းရှိနေလျှင် အနာစိမ်း၏ အမာရွတ်မျှသာဖြစ်သောကြောင့် ယဇ်ပုရော ဟိတ်ကထိုသူအားဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ 
၂၄ တစ်စုံတစ်ယောက်သောသူသည်မီးလောင်ခံရ၍ မီးလောင်သောနေရာတွင်အရေပြားဖြူလာ လျှင်ဖြစ်စေ၊ နီဖျော့ဖျော့ဖြစ်လာလျှင်ဖြစ်စေ၊- 
၂၅ ယဇ်ပုရောဟိတ်သည်ထိုအနာကိုစစ်ဆေးရ မည်။ အနာကွက်တွင်ရှိသောအမွေးများသည် ဖြူ၍အနာတွင်းနက်ကြောင်းတွေ့ရှိရလျှင် မီး လောင်သောအနာမှဖြစ်ပေါ်လာသောဆိုးရွား သည့်ကိုယ်ရေပြားရောဂါဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည်ထိုသူအားမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။- 
၂၆ သို့ရာတွင်အနာကွက်၌ရှိသောအမွေးသည် မဖြူ၊ အနာတွင်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေကြောင်းတွေ့ရှိရလျှင် ထိုသူအားခုနစ် ရက်သီးခြားနေထိုင်စေရမည်။- 
၂၇ သတ္တမနေ့တွင်ယဇ်ပုရောဟိတ်သည် သူ့ကိုထပ်မံ စစ်ဆေး၍အနာသည်ပြန့်ပွားနေကြောင်းတွေ့ရ လျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြား ရောဂါဖြစ်သောကြောင့် ထိုသူကိုမသန့်ရှင်း ဟုဆုံးဖြတ်ရမည်။- 
၂၈ သို့သော်အနာကွက်သည်မူလအခြေအနေ၌ ရှိ၍ မပြန့်ပွားကြောင်းကိုလည်းကောင်း၊ အရောင် ဖျော့နေကြောင်းကိုလည်းကောင်းတွေ့ရှိရလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေပြားရော ဂါမဟုတ်။ ထိုအနာသည်မီးလောင်သည့်အမာ ရွတ်မျှသာဖြစ်ခြင်းကြောင့် ယဇ်ပုရောဟိတ်သည် ထိုသူအားဘာသာရေးထုံးနည်းအရသန့်ရှင်း သည်ဟုဆုံးဖြတ်ရမည်။ 
၂၉ အမျိုးသားသို့မဟုတ်အမျိုးသမီးတစ် ယောက်၏ခေါင်းပေါ်တွင်ဖြစ်စေ၊ မေးပေါ်တွင် ဖြစ်စေအနာပေါက်လျှင်၊- 
၃၀ ယဇ်ပုရောဟိတ်ကထိုအနာကိုစစ်ဆေးရ မည်။ အနာတွင်းသည်နက်ဟန်ရှိ၍အနာပေါ် ရှိအမွေးများပါးလျက် ဝါကြန့်ကြန့်အရောင် ရှိလျှင် ထိုအနာသည်ဆိုးရွားသောကိုယ်ရေ ပြားရောဂါဖြစ်သောကြောင့် ထိုသူအား မသန့်ရှင်းဟုဆုံးဖြတ်ရမည်။- 
၃၁ ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး သည့်အခါ အနာတွင်းသည်မနက်သော်လည်း အနာပေါ်ရှိအမွေးများသည် ပကတိအသွေး အရောင်အတိုင်းမရှိခဲ့လျှင် သူ့ကိုခုနစ်ရက် သီးခြားနေထိုင်စေရမည်။- 
၃၂ သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာ ကိုတစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား အမွေးများသည်လည်းမဝါ၊ အနာတွင်း သည်လည်းမနက်ကြောင်းတွေ့ရှိရလျှင်၊- 
၃၃ အနာပတ်လည်ရှိအမွေးများကိုရိတ်ရ မည်။ ထို့နောက်သူအားခုနစ်ရက်တိုး၍သီး ခြားနေထိုင်စေရမည်။- 
၃၄ သတ္တမနေ့၌ယဇ်ပုရောဟိတ်သည်အနာကို တစ်ဖန်စစ်ဆေး၍ အနာသည်မပြန့်မပွား၊ အနာတွင်းသည်လည်းမနက်ကြောင်းတွေ့ရှိ ရလျှင် ထိုသူအားဘာသာရေးထုံးနည်းအရ သန့်ရှင်းသည်ဟုဆုံးဖြတ်ရမည်။ ထိုသူသည် မိမိအဝတ်များကိုဖွပ်လျှော်ရမည်။ ထို့ နောက်သူသည်သန့်ရှင်းလိမ့်မည်။- 
၃၅ သို့ရာတွင်သူ့အားသန့်ရှင်းသည်ဟုဆုံး ဖြတ်ပြီးနောက် အနာသည်ပြန့်ပွားလာလျှင်၊- 
၃၆ ယဇ်ပုရောဟိတ်သည်ထိုသူကိုထပ်မံစစ်ဆေး ရမည်။ အနာသည်ပြန့်ပွားလျက်ရှိကြောင်း တွေ့ရလျှင် အမွေးဝါသည်မဝါသည်ကိုစစ် ဆေးကြည့်ရန်မလို။ အဘယ်ကြောင့်ဆိုသော် သူသည်မသန့်ရှင်းကြောင်းထင်ရှားနေပြီ ဖြစ်သည်။- 
၃၇ သို့ရာတွင်ယဇ်ပုရောဟိတ်သည်အနာမပြန့် မပွား၊ အနာပေါ်ရှိအမွေးနက်များသည် ပကတိအသွေးအရောင်ရှိ၍ ပျောက်ကင်း သွားပြီဟုထင်မြင်ယူဆလျှင် ထိုသူအား ဘာသာရေးထုံးနည်းအရသန့်ရှင်းသည် ဟူ၍ဆုံးဖြတ်ရမည်။ 
၃၈ အမျိုးသားသို့မဟုတ်အမျိုးသမီးတစ် ယောက်၏အရေပြားပေါ်တွင်အဖြူကွက် များပေါ်လျှင်၊- 
၃၉ ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး ရမည်။ အကွက်များသည်ဖြူမွဲမွဲဖြစ်လျှင် အရေပြားပေါ်တွင်ဖြစ်ပေါ်တတ်သောညှင်း ကွက်များဖြစ်၍သူသည်ဘာသာရေးထုံး နည်းအရသန့်ရှင်းသည်။ 
၄၀-၄၁ အမျိုးသားသို့မဟုတ် အမျိုးသမီးတစ် ယောက်၏ဦးခေါင်းအနောက်ပိုင်းမှဖြစ်စေ၊ အရှေ့ပိုင်းမှဖြစ်စေဆံပင်များကျွတ်လျှင် မသန့်ရှင်းသူဟူ၍မသတ်မှတ်ရ။- 
၄၂ သို့ရာတွင်ဆံပင်ပြောင်သောနေရာ၌နီ ဖျော့ဖျော့အနာပေါက်လျှင် ထိုအနာသည် ဆိုးရွားသောအရေပြားရောဂါဖြစ်သည်။- 
၄၃ ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး၍ အနာသည်နီဖျော့ဖျော့ဖြစ်လျှင်၊- 
၄၄ သူ၏ဦးခေါင်းပေါ်၌ဆိုးရွားသောအရေ ပြားရောဂါစွဲသည်ဖြစ်သောကြောင့် မသန့် ရှင်းသူဟုဆုံးဖြတ်ရမည်။- 
၄၅ ဆိုးရွားသောကိုယ်ရေပြားရောဂါစွဲသော သူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ဆံပင် ကိုမဖြီးရ။ မျက်နှာအောက်ပိုင်းကိုဖုံးလျက် မသန့်ရှင်း၊ မသန့်ရှင်းဟုအော်ရမည်။- 
၄၆ သူ၏ကိုယ်၌ထိုရောဂါစွဲနေသည့်ကာလ ပတ်လုံး သူသည်မသန့်ရှင်းသဖြင့် လူသူနှင့် ဝေးရာစခန်းအပြင်၌ထွက်၍နေထိုင်ရမည်။ 
ဖားဥစွဲခြင်းနှင့်ပတ်သက်သောပညတ်များ 
၄၇ သိုးမွေးအဝတ်အထည်သို့မဟုတ်ပိတ်ချော အဝတ်အထည်တွင်ဖြစ်စေ၊- 
၄၈ သိုးမွေးအထည်စသို့မဟုတ်ပိတ်ချော အထည်စတွင်ဖြစ်စေ၊ သားရေသို့မဟုတ် သားရေထည်ပစ္စည်းတွင်ဖြစ်စေ၊- 
၄၉ စိမ်းဖန့်ဖန့်သို့မဟုတ်နီကြန့်ကြန့်ဖားဥ ကွက်များကိုတွေ့ရလျှင် ပြန့်ပွားတက်သော ဖားဥမျိုးဖြစ်သဖြင့် ထိုပစ္စည်းများကိုယဇ် ပုရောဟိတ်ထံပြသရမည်။- 
၅၀ ယဇ်ပုရောဟိတ်သည်ပစ္စည်းကိုစစ်ဆေးပြီး ခုနစ်ရက်သိမ်းထားရမည်။- 
၅၁ သတ္တမနေ့၌ထိုပစ္စည်းကိုထပ်မံစစ်ဆေး၍ ဖားဥကွက်ပြန့်ပွားလာလျှင် ထိုပစ္စည်းသည် မသန့်ရှင်းချေ။- 
၅၂ ထိုဖားဥကွက်သည်ကူးစက်တတ်သောဖားဥ မျိုးဖြစ်သဖြင့် ယဇ်ပုရောဟိတ်သည်ပစ္စည်း ကိုမီးရှို့ဖျက်ဆီးရမည်။ 
၅၃ ယဇ်ပုရောဟိတ်သည် ပစ္စည်းကိုစစ်ဆေး၍ဖားဥ ကွက်သည်မကျယ်ပြန့်လျှင်၊- 
၅၄ ထိုပစ္စည်းကိုဖွပ်လျှော်စေပြီးနောက် ခုနစ်ရက် ထပ်မံ၍သိမ်းထားရမည်။- 
၅၅ ထို့နောက်ယဇ်ပုရောဟိတ်သည်ပစ္စည်းကိုစစ် ဆေးရမည်။ ဖားဥကွက်သည်မပြန့်ပွားသော် လည်းအရောင်မပြောင်းလဲလျှင် ထိုပစ္စည်းသည် မသန့်ရှင်းချေ။ ထိုပစ္စည်းသည်အတွင်းအပြင် ဆွေးမြေ့နေကြောင်းတွေ့ရှိရလျှင် ယင်းကို မီးရှို့ဖျက်ဆီးရမည်။- 
၅၆ သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထပ်မံစစ် ဆေးသည့်အခါ ဖားဥကွက်သည်အရောင်ညှိုး သွားကြောင်းကိုတွေ့ရှိရလျှင် အဝတ်အထည် သို့မဟုတ်သားရေထည်ပစ္စည်းမှထိုအကွက် ကိုဆုတ်ထုတ်ရမည်။- 
၅၇ ထို့နောက်ဖားဥကွက်တစ်ဖန်ပြန်ပေါ်လာ လျှင် ဖားဥပြန့်ပွားလာခြင်းကြောင့် ပိုင်ရှင် သည်ပစ္စည်းကိုမီးရှို့ဖျက်ဆီးရမည်။- 
၅၈ သူသည်ပစ္စည်းကိုဖွပ်လျှော်သဖြင့်ဖားဥ ကွက်ပျောက်လျှင် နောက်တစ်ကြိမ်ထပ်မံဖွပ် လျှော်ရမည်။ ထို့နောက်ပစ္စည်းသည်ဘာသာ ရေးထုံးနည်းအရသန့်ရှင်းလိမ့်မည်။ 
၅၉ ဤပညတ်သည်ကား သိုးမွေးအဝတ်အထည် သို့မဟုတ်ပိတ်ချောအဝတ်အထည်တွင်ဖြစ် စေ၊ သိုးမွေးအထည်စ၊ သို့မဟုတ်ပိတ်ချော အထည်စတွင်ဖြစ်စေ၊ သားရေထည်ပစ္စည်း တွင်ဖြစ်စေ၊ ဖားဥကွက်ပေါ်ခြင်းနှင့်ဆိုင်သော ပညတ်ဖြစ်သတည်း။