၁၃၀
ကူမတော်မူရန်ဆုတောင်းပတ္ထနာ 
၁ အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးသည်စိတ်နှလုံးကြေကွဲရာမှ ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။ 
၂ အို ထာဝရဘုရား၊ 
ကျွန်တော်မျိုးအော်ဟစ်သံကိုကြားတော်မူပါ။ 
ကူမတော်မူရန်ကျွန်တော်မျိုးတောင်းလျှောက် သံကို နားထောင်တော်မူပါ။ 
၃ အကယ်၍ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုရေးမှတ်ထားမည်ဆိုပါက 
အဘယ်သူသည်အပြစ်ဒဏ်စီရင်တော်မူခြင်းနှင့် ကင်းလွတ်နိုင်ပါမည်နည်း။ 
၄ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ၏။ 
ထို့ကြောင့်ကျွန်တော်မျိုးတို့သည်ကိုယ်တော်အား ရိုသေကျိုးနွံကြပါ၏။ 
၅ ငါသည်ထာဝရဘုရားကူမတော်မူခြင်းကို စောင့်မျှော်လျက်နေ၏။ 
ကိုယ်တော်၏ကတိတော်ကိုယုံကြည်ကိုးစားပါ၏။ 
၆ ကင်းစောင့်တို့သည်အရုဏ်တက်ချိန်ကို စောင့်မျှော်သည်ထက် 
ငါသည်ဘုရားရှင်ကိုပို၍စောင့်မျှော်လျက်နေ၏။ 
၇ အို ဣသရေလ၊ထာဝရဘုရား၏မေတ္တာတော်သည် ခိုင်မြဲသည်ဖြစ်၍ကိုယ်တော်သည်ကယ်တော်မူရန် 
အခါခပ်သိမ်းအသင့်ရှိတော်မူသောကြောင့် ကိုယ်တော်ကိုကိုးစားကြလော့။ 
၈ ကိုယ်တော်သည်မိမိ၏လူစုတော်ဖြစ်သော 
ဣသရေလအားအပြစ်အပေါင်းမှ ကယ်တော်မူလိမ့်မည်။