၁၃၄
ဘုရားသခင်ကိုထောမနာပြုကြရန်ခေါ်ဖိတ်ခြင်း 
၁ ကိုယ်တော်၏အစေခံသူ၊ဗိမာန်တော်တွင်ညဥ့် အခါ အမှုတော်ဆောင်သူအပေါင်းတို့၊ 
လာ၍ထာဝရဘုရားအားထောမနာပြုကြလော့။ 
၂ လက်အုပ်ချီ၍ဗိမာန်တော်ထဲ၌ဆုတောင်း ပတ္ထနာပြုကြလော့။ 
ထာဝရဘုရားအားထောမနာပြုကြလော့။ 
၃ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော 
ထာဝရဘုရားသည်ဇိအုန်တောင်တော်ပေါ်မှ သင်တို့ကိုကောင်းချီးပေးတော်မူပါစေသော။