၇၀
ကူမတော်မူရန်ဆုတောင်းပတ္ထနာ 
(ဆာလံ၊ ၄၀:၁၃-၁၇) 
၁ အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ 
အို ထာဝရဘုရား၊ ယခုပင်ကျွန်တော်အားကူမတော်မူပါ။ 
၂ ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားသူတို့သည် အရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြပါစေ သော။ 
ကျွန်တော်မျိုး၏ဆင်းရဲဒုက္ခများကိုအကြောင်းပြု၍ 
ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ကွဲကြ ပါစေသော။ 
၃ ကျွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်သည့်အတွက် 
အလွန်ကြောက်လန့်ကြပါစေသော။ 
၄ ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်သူ 
အပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါ စေသော။ 
ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် အတွက် 
ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည် 
``ဘုရားသခင်သည်အလွန်ကြီးမြတ်တော်မူ 
ပါပေသည်'' ဟုအစဉ်မပြတ်ချီးကူး ကြပါစေသော။ 
၅ ကျွန်တော်မျိုးသည်အားအင်ချိနဲ့လျက် ဆင်းရဲ၍နေပါ၏။ 
အို ဘုရားသခင်၊ ကျွန်တော်မျိုးထံသို့လျင်မြန်စွာကြွလာ တော်မူပါ။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား 
ကယ်တင်တော်မူသောအရှင်၊ကျွန်တော်မျိုး၏ ထာဝရဘုရားဖြစ်တော်မူ၏။ 
ကျွန်တော်မျိုးအားကူမရန်အလျင်အမြန် ကြွတော်မူပါ။