၇၅
တရားစီရင်တော်မူသောဘုရားသခင် 
၁ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ 
အို ဘုရားသခင်၊ 
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ 
ကိုယ်တော်ရှင်သည်အဘယ်မျှကြီးမြတ်တော်မူ သည်ကိုထုတ်ဖော်ကြေညာ၍ 
ပြုတော်မူသောအံ့သြဖွယ်ရာများအကြောင်း ကို ပြောကြားကြပါ၏။ 
၂ ဘုရားသခင်က``တရားစီရင်မည့်အချိန်ကို ငါသတ်မှတ်ထားလေပြီ။ 
ငါသည်ဖြောင့်မှန်စွာတရားစီရင်မည်။ 
၃ ကမ္ဘာမြေကြီးနှင့်တကွသက်ရှိသတ္တဝါ အပေါင်းတို့သည် တုန်လှုပ်ကြစေကာမူ 
ငါသည်ကမ္ဘာမြေကြီး၏အခြေခံအုတ်မြစ်တို့ကို တည်တံ့ခိုင်မြဲစေမည်။ 
၄ ငါဤသို့အမိန့်ရှိ၏။ သူယုတ်မာတို့အားမကြွားမဝါကြနှင့်။ 
၅ မာန်မာနမထောင်လွှားကြနှင့်။ 
၆ တရားစီရင်သောသူသည်အရှေ့အရပ်သို့မဟုတ် အနောက်အရပ်မှသော်လည်းကောင်း၊ 
တောင်အရပ်သို့မဟုတ်မြောက်အရပ်မှ သော်လည်းကောင်းပေါ်ထွက်လာသည်မဟုတ်။ 
၇ တရားစီရင်တော်မူသောအရှင်ကားဘုရားသခင်ပင် 
ဖြစ်ပေသည်။ 
ကိုယ်တော်သည်အချို့သောသူတို့ကိုအပြစ်ဒဏ် စီရင်တော်မူလျက် 
အချို့တို့ကိုလွတ်ငြိမ်းချမ်းသာစေတော်မူ၏။ 
၈ ထာဝရဘုရားသည်အမျက်တော်တည်းဟူသော အလွန်ပြင်းသည့်စပျစ်ရည်ထည့်ထားသော 
ခွက်ဖလားကိုလက်တော်တွင်ကိုင်ထားတော်မူ၏။ 
ထိုစပျစ်ရည်ကိုကိုယ်တော်လောင်းချ တော်မူသောအခါ 
သူယုတ်မာအပေါင်းတို့သည်သောက်ကြကုန်၏။ 
သူတို့သည်တစ်စက်မျှမကျန်အောင်သောက် ကြကုန်၏။ 
၉ သို့ရာတွင်ငါမူကားယာကုပ်၏ 
ဘုရားအကြောင်းတော်ကိုအစဉ်မပြတ် ပြောကြားပါမည်။ 
ကိုယ်တော်အားထောမနာသီချင်းဆိုမည်။ 
၁၀ ကိုယ်တော်သည်သူယုတ်မာတို့၏တန်ခိုး အာဏာကို ချိုးနှိမ်တော်မူမည်။ 
သူတော်ကောင်းတို့၏တန်ခိုးအာဏာကိုမူကား တိုးတက်စေတော်မူလိမ့်မည်။