အနွယ်လိုက်စခန်းချပုံ
1ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အား အောက်ပါညွှန်ကြားချက်များကိုပေးတော်မူ၏။- 2ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ လူတိုင်းမိမိတပ်နှင့်ဆိုင်သောအလံနှင့် မိမိသားချင်းစုနှင့်ဆိုင်သောအလံအနီးတွင်နေရာယူရမည်။ ဣသရေလအမျိုးသားတို့သည်တဲတော်ပတ်လည်တွင်စခန်းချရမည်။
3-9အရှေ့ဘက်မျက်နှာတွင် ယုဒတပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။
ယုဒတပ်သည်ရှေ့ဆုံးမှချီတက်ရမည်။
10-16တောင်ဘက်မျက်နှာတွင်ရုဗင်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။
ရုဗင်တပ်သည်ဒုတိယနေရာမှလိုက်၍ချီတက်ရမည်။
17အရှေ့မှချီတက်သောတပ်နှစ်တပ်နှင့်အနောက်မှ ချီတက်သောတပ်နှစ်တပ်တို့၏အကြားတွင် လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုသယ်ဆောင်၍ချီတက်ရကြမည်။ တပ်တစ်တပ်စီသည်စခန်းချသည့်အခါ မိမိတို့အလံအနီးတွင်နေရာယူသည့်အစီအစဉ်အတိုင်းချီတက်ရမည်။
18-24အနောက်ဘက်မျက်နှာတွင်ဧဖရိမ်တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။
ဧဖရိမ်တပ်သည်တတိယနေရာမှလိုက်၍ချီတက်ရမည်။- 25-31မြောက်ဘက်မျက်နှာတွင်ဒန်၏တပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။
ဒန်၏တပ်သည်နောက်ဆုံးနေရာမှလိုက်၍ချီတက်ရမည်။
32ဣသရေလအမျိုးသားတို့၏တပ်အလိုက်နှင့်သားချင်းစုအလိုက်လူဦးရေစာရင်းစုစုပေါင်းမှာခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ယောက်ဖြစ်သည်။- 33ထာဝရဘုရားသည်မောရှေအားမိန့်မှာတော်မူသည့်အတိုင်း လေဝိအနွယ်ဝင်တို့ကိုစာရင်းကောက်၍မှတ်တမ်းတင်ထားခြင်းမရှိချေ။
34ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းဆောင်ရွက်ကြ၏။ သူတို့သည်မိမိတို့နှင့်သက်ဆိုင်ရာအလံအနီးတွင်စခန်းချကြ၏။ ချီတက်သည့်အခါသားချင်းစုအလိုက်ချီတက်ကြ၏။