61
ကယ်နုတ်တော်မူမည့်အကြောင်းသတင်းကောင်း 
 1 ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ 
ဆင်းရဲသူတို့အတွက်သတင်းကောင်းကို 
ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ 
ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ 
ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။✡ မ၊ ၁၁:၅။ လု။ ၇:၂၂။ 
 2 ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူ၍ 
ရန်သူတို့အားဖြိုခွင်းတော်မူသည့်အချိန် 
ကျရောက်ပြီဖြစ်ကြောင်းကြေညာရန်ငါ့ကို စေလွှတ်တော်မူပြီ။ 
ဝမ်းနည်းပူဆွေးသူအပေါင်းတို့အား နှစ်သိမ့်မှုပေးရန်၊✡ လု၊ ၄:၁၈-၁၉။✡ မ၊ ၅:၄။ 
 3 ဇိအုန်မြို့တွင်ပူဆွေးဝမ်းနည်းနေသူတို့အား ပူဆွေးခြင်းအစား 
ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ 
ဝမ်းနည်းခြင်းအစားထောမနာသီချင်း ကိုလည်းကောင်း 
ပေးရန်ကိုယ်တော်သည်ငါ့အားစေလွှတ်တော်မူပြီ။ 
သူတို့သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထင်ရှားစေရန် 
ကိုယ်တော်တိုင်စိုက်တော်မူသောဖြောင့်မတ်ခြင်း တည်းဟူသော 
ဝက်သစ်ချပင်များသဖွယ်စိုပြေဖွံ့ဖြိုးကြလိမ့်မည်။ 
 4 သူတို့သည်ကာလကြာမြင့်စွာ 
ပျက်စီးယိုယွင်းနေခဲ့သောမြို့များကို 
ပြန်လည်တည်ဆောက်၍အသစ်ပြုပြင် ကြလိမ့်မည်။ 
 5 အို ငါ၏လူများတို့၊ လူမျိုးခြားတို့သည်သင်တို့ကို အစေခံကြလိမ့်မည်။ 
သင်တို့၏လယ်ယာများကိုထွန်ယက်ကာသင်တို့ စပျစ်ဥယျာဉ်များကိုပြုစုကြလိမ့်မည်။ 
 6 သင်တို့မူကား၊ထာဝရဘုရား၏ယဇ်ပုရော ဟိတ်များ၊ 
ဘုရားသခင်၏ဘုန်းတော်ကြီးများဟု နာမည်တွင်လျက်၊ 
လူမျိုးတကာတို့၏စည်းစိမ်ချမ်းသာများကို ခံစားကာ၊ 
ယင်းသို့ခံစားရသည့်အတွက်ဂုဏ်ယူ ဝါကြွားကြလိမ့်မည်။ 
 7 သင်တို့၏အရှက်ကွဲအကျိုးနည်းမှုများသည် ဆုံးခန်းတိုင်ရောက်လေပြီ။ 
သင်တို့သည်မိမိတို့ကိုယ်ပိုင်ပြည်တွင်နေထိုင်ရလျက်၊ 
သင်တို့၏ပစ္စည်းဥစ္စာများသည်လည်းနှစ်ဆ တိုး၍လာလိမ့်မည်။ 
သင်တို့သည်ထာဝစဉ်ဝမ်းမြောက်ပျော်ရွှင် ရကြလိမ့်မည်။ 
 8 ထာဝရဘုရားက 
``ငါသည်တရားမျှတမှုကိုနှစ်သက်မြတ်နိုး၍ လုယက်မှုနှင့်နှိပ်စက်ညှဉ်းဆဲမှုကိုမုန်း၏။ 
ငါ၏လူမျိုးတော်အားသစ္စာရှိစွာ ဆုလာဘ်များကိုပေးအပ်မည်။ 
သူတို့နှင့်လည်းထာဝရပဋိညာဉ်ကိုငါပြုမည်။ 
 9 သူတို့သည်လူမျိုးတကာတို့တွင်ထင်ပေါ် ကျော်ကြားကြလိမ့်မည်။ 
သူတို့ကားငါ၏ကောင်းချီးမင်္ဂလာကို ခံစားရကြသူများဖြစ်ကြောင်း 
သူတို့ကိုမြင်သူအပေါင်းတို့သိရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။ 
 10 ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ 
သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ 
ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။✡ ဗျာ၊ ၂၁:၂။ 
 11 မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ 
ထာဝရအရှင်ဘုရားသခင်သည် 
မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ 
လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။