4
ကူမတော်မူရန်ညနေချိန်ဆုတောင်းပတ္ထနာ3 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ဘုရားသခင်၊ 
ကျွန်တော်မျိုးကိုကွယ်ကာတော်မူသောအရှင်၊ ကျွန်တော်မျိုးခေါ်သောအခါထူးတော်မူပါ။ 
ကျွန်တော်မျိုးဒုက္ခရောက်စဉ်အခါ၌ကျွန်တော် မျိုးအား ကူမတော်မူခဲ့ပါ၏။ 
ယခုအခါ၌လည်းကျွန်တော်မျိုးအား သနားတော်မူ၍ 
ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။ 
 2 အချင်းလူတို့၊သင်တို့သည်အဘယ်ကာလတိုင် အောင် ငါ့အားစော်ကားကြမည်နည်း။ 
အဘယ်ကာလတိုင်အောင်သင်တို့သည် အကျိုးမရှိသည့်အရာကိုနှစ်သက်၍ 
အမှားနောက်သို့လိုက်ကြမည်နည်း။ 
 3 ထာဝရဘုရားသည်မိမိ၏အဖို့အလို့ငှာ 
သူတော်ကောင်းအားရွေးချယ်ထားတော်မူသည်ကို သိမှတ်ကြလော့။ 
ငါခေါ်သောအခါကိုယ်တော်ကြားတော်မူ၏။ 
 4 သင်တို့သည်ကြောက်လန့်လျက်အပြစ်ဒုစရိုက်ကို ရှောင်ကြလော့။ 
သင်တို့သည်အိပ်ရာပေါ်တွင်တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာ 
ဤအချက်ကိုနက်နက်နဲနဲစဉ်းစားဆင်ခြင် ကြလော့။ 
 5 ထာဝရဘုရားအားထိုက်လျောက်သည့် 
ယဇ်များကိုပူဇော်၍ကိုယ်တော်ကို ယုံကြည်ကိုးစားကြလော့။ 
 6 ``အို ထာဝရဘုရား၊ 
ကောင်းချီးမင်္ဂလာကိုထပ်မံ၍ချပေးတော်မူပါ။ 
ကျွန်တော်မျိုးတို့အားကရုဏာစိတ်ဖြင့် 
ကြည့်တော်မူပါ'' ဟုလူအများကဆုတောင်း ကြ၏။ 
 7 သို့ရာတွင်ကျွန်တော်မျိုးအားကိုယ်တော် ပေးတော်မူသောဝမ်းမြောက်ခြင်းသည် 
ဂျုံစပါးနှင့်စပျစ်ရည်ပေါများသူတို့ရရှိသည့် ဝမ်းမြောက်ခြင်းထက်သာလွန်ပါ၏။ 
 8 ကျွန်တော်မျိုးသည်လဲလျောင်းလိုက်သောအခါ ငြိမ်သက်စွာအိပ်ပျော်သွားပါ၏။ 
အို ထာဝရဘုရား၊ 
ကိုယ်တော်သာလျှင်ကျွန်တော်မျိုးအားလုံခြုံစွာ နေနိုင်ခွင့်ကိုပေးတော်မူပါ၏။