58
သူယုတ်မာတို့အားအပြစ်ဒဏ်ခတ်တော်မူရန် ဆုတောင်းပတ္ထနာ14 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အချင်းအာဏာပိုင်တို့၊သင်တို့သည်တရား သဖြင့် ဆုံးဖြတ်မှုကိုပြုကြသလော။ 
လူအပေါင်းတို့အားတရားမျှတစွာ စီရင်ကြသလော။ 
 2 သင်တို့ကားယင်းသို့မပြု၊မိမိတို့ပြုမည့် ဒုစရိုက်ကိုသာလျှင်စဉ်းစားကြံစည်လျက် 
တိုင်းပြည်တွင်အဋ္ဌမ္မအကြမ်းဖက်မှုကို ကူးလွန်ကြ၏။ 
 3 ဒုစရိုက်သမားတို့သည်တစ်သက်လုံးအမှားကို သာလျှင်ပြုတတ်ကြ၏။ 
သူတို့သည်မိမိတို့မွေးကတည်းက မုသားစကားကိုပြောဆိုတတ်ကြ၏။ 
 4-5 သူတို့သည်အဆိပ်ရှိသည့်မြွေများနှင့်တူ ကြ၏။ 
နားပင်းသည့်မြွေဟောက်သည်အလမ္ပာယ် ဆရာ၏ 
အသံကိုသော်လည်းကောင်း၊ကျင်လည်သော 
မျက်လှည့်ဆရာ၏မန္တန်ကိုသော်လည်းကောင်း မကြားရ။ 
သူတို့သည်နားပင်းသည့်မြွေဟောက်နည်းတူ မိမိတို့၏နားများကိုပိတ်ထားကြ၏။ 
 6 အို ဘုရားသခင်၊ 
ဤရက်စက်ကြမ်းကြုတ်သောခြင်္သေ့၏အစွယ် များကို ချိုးတော်မူပါ။ 
 7 သူတို့သည်စီးဆင်းပျောက်ကွယ်သွားတတ်သည့် ရေကဲ့သို့ဖြစ်ကြပါစေသော။ 
လူသွားလမ်းပေါ်မှပေါင်းပင်များကဲ့သို့ ကြေမွသွားကြပါစေသော။ 
 8 သူတို့သည်အကျိအချွဲအဖြစ်သို့အရည် ပျော်၍ 
သွားတတ်သည့်ပက်ကျိများကဲ့သို့ဖြစ်ကြပါစေသော။ 
အလင်းရောင်ကိုအဘယ်အခါ၌မျှမမြင်ရသည့် လျှောမွေးကဲ့သို့ဖြစ်ကြပါစေသော။ 
 9 သူတို့သည်မမျှော်လင့်သောအချိန်တွင်ချုံဖုတ် ကဲ့သို့ ခုတ်ပစ်ခြင်းကိုခံကြရ၏။ 
ဘုရားသခင်သည်ပြင်းစွာအမျက်ထွက်တော်မူ၍ 
သူတို့အားကွယ်ပျောက်သွားစေတော်မူလိမ့်မည်။ 
 10 သူတော်ကောင်းတို့သည်အပြစ်ကူးသူများ 
အပြစ်ဒဏ်သင့်ကြသည်ကိုမြင်သောအခါ ဝမ်းမြောက်ကြလိမ့်မည်။ 
သူတို့သည်သူယုတ်မာတို့၏သွေးအိုင်တွင် ခြေဆေးကြလိမ့်မည်။ 
 11 လူတို့က``သူတော်ကောင်းတို့သည်ဧကန်အမှန်ပင် ကောင်းကျိုးချမ်းသာခံစားကြရ၏။ 
ကမ္ဘာလောကကိုတရားစီရင်တော်မူသောဘုရား 
ဧကန်အမှန်ရှိတော်မူပေသည်'' ဟုဆိုကြလိမ့်မည်။