47
ဗာဗုလုန်မြို့အားစီရင်ချက်ချမှတ်တော်မူခြင်း 
 1 ``အို ဗာဗုလုန်မြို့တည်းဟူသောအမျိုးသမီး၊ 
သင်သည်ရာဇပလ္လင်ပေါ်မှဆင်း၍ မြေကြီးပေါ်တွင်ထိုင်လော့။ 
အခါတစ်ပါးကသင်သည်အနှောင့်အယှက် မခံရဘူးသည့်အပျိုစင်ဖြစ်ခဲ့၏။ 
သို့ရာတွင်ယခုသင်သည်ပျော့ပျောင်းသိမ်မွေ့သူ မဟုတ်တော့ပေ။ 
သင်သည်ယခုကျွန်ဘဝရောက်ခဲ့ပေပြီ။✡ ဟေရှာ၊ ၁၃:၁-၁၄:၂၃။ ယေ၊ ၅၀:၁၊ ၅၁:၆၄။ 
 2 သင်သည်ကျိတ်ဆုံကျောက်ကိုလှည့်၍ ဂျုံမှုန့်ကိုကျိတ်ပါလော့။ 
သင်၏မျက်နှာဖုံးပဝါကိုဖယ်ရှား၍လှပသော အဝတ်တို့ကိုချွတ်လော့။ 
ချောင်းကိုဖြတ်ကျော်ရန်သင်၏အင်္ကျီရှည်ကိုမလော့။ 
 3 သင်သည်ရှုတ်ချခြင်းကိုခံရကာအရှက်ကွဲ လျက် 
အဝတ်အချည်းစည်းဖြစ်၍နေသည်ကို လူတို့တွေ့မြင်ကြလိမ့်မည်။ 
ငါသည်သင့်အားလက်စားချေမည်။ 
ငါ့ကိုအဘယ်သူမျှဆီးတားရလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူ၏။ 
 4 ဣသရေလအမျိုးသားတို့၏ 
သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် သည် ငါတို့ကိုရွေးနုတ်ကယ်တင်တော်မူပြီ။ 
ကိုယ်တော်၏နာမတော်သည်အနန္တတန်ခိုး ရှင် ထာဝရဘုရားဖြစ်ပါသည်တကား။ 
 5 ဗာဗုလုန်မြို့အားထာဝရဘုရားကဆိတ်ငြိမ်ရာ မှောင်မိုက်ထဲတွင်ထိုင်၍နေလော့။ 
လူတို့သည်သင့်အားလူမျိုးတကာတို့၏ ဘုရင်မဟု ခေါ်ကြတော့မည်မဟုတ်။ 
 6 ငါသည်မိမိ၏လူမျိုးတော်အားအမျက်ထွက် သဖြင့်၊ ငါ၏လူမျိုးတော်မဟုတ်ဘိသကဲ့သို့ပြုခဲ့၏။ 
သင်၏အာဏာစက်အောက်တွင်ထားရှိခဲ့၏။ 
သို့ရာတွင်သင်သည်သူတို့အပေါ်၌ သနားကြင်နာစိတ်မထား။ 
အသက်ကြီးသူများကိုပင်ကြမ်းကြုတ်စွာ ပြုကျင့်၏။ 
 7 မိမိသည်အစဉ်အမြဲဘုရင်မဖြစ်၍နေ လိမ့်မည်ဟု ထင်မှတ်ကာ၊ဤအမှုတို့ကိုနှလုံးမသွင်း။ 
ယင်းတို့အဘယ်သို့နိဂုံးချုပ်မည်ကိုလည်း မစဉ်းစား။ 
 8 ``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊ 
မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။ 
ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။ 
သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။ 
အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။✡ ဗျာ၊ ၁၈:၇-၈။ 
 9 သို့ရာတွင်၊သင်သည်တစ်နေ့အတွင်းတခဏ ခြင်း၌ ဤအမှုနှစ်ရပ်စလုံးနှင့်ကြုံတွေ့ရလိမ့်မည်။ 
မှော်အတတ်မှန်မျှကိုအသုံးပြုပါသော်လည်း 
သင်သည်သားသမီးများကိုဆုံးရှုံးရလျက်၊ မုဆိုးမဘဝသို့ရောက်လိမ့်မည်။ 
 10 ``သင်သည်မကောင်းမှုကိုပြုလျက်၊မိမိကိုယ်ကို ဟုတ်လှပြီ။ 
မိမိကိုအဘယ်သူမျှမမြင်ဟုထင်မှတ်ဘိ၏။ 
သင်၏ဉာဏ်ပညာနှင့်အသိပညာတို့ကသင့်အား လမ်းလွဲစေလေပြီ။ 
သင်သည်မိမိကိုယ်ကို`ငါသည်ဘုရားဖြစ်၏ ငါ့လိုလူဇမ္ဗူတွင်မရှိ' ဟုဆိုပါသည်တကား။ 
 11 ဘေးအန္တရာယ်ဆိုးသည်သင်၏အပေါ်သို့ သက်ရောက်လာလိမ့်မည်။ 
ယင်းကိုသင်၏မှော်အတတ်ကတားဆီးနိုင် လိမ့်မည်မဟုတ်။ 
သင်သည်အဘယ်အခါကမျှအိပ်မက်၌ပင် 
မမြင်မက်ဘူးသောဆုံးပါးပျက်စီးမှုနှင့် ကြုံတွေ့ရလိမ့်မည်။ 
 12 သင်၏ဂါထာမန္တန်များနှင့်အဆောင်လက်ဖွဲ့ များကို ဆောင်ထားလော့။ 
ထိုအရာများကိုသင်သည်ငယ်စဉ်အခါ ကပင်လျှင် အသုံးပြု၍လာခဲ့၏။ 
ယင်းတို့သည်သင့်အားအကူအညီ ပေးကောင်းပေးပါလိမ့်မည်။ 
သင်၏ရန်သူများကိုလည်းနှင်ထုတ်ကောင်း နှင်ထုတ်နိုင်ပါလိမ့်မည်။ 
 13 သင့်မှာအကြံပေးအရာရှိအမြောက်အမြား 
ရှိပါသော်လည်း၊သင်သည်အဘယ်သို့မျှ မတတ်နိုင်။ 
ကြယ်တာရာတို့ကိုကြည့်ရှုလေ့လာသူများ မိုးကောင်းကင်တွင်ဇုံနယ်များဆွဲကာ၊ 
တစ်လပြီးတစ်လဖြစ်ပျက်မည့်အမှုအရာ များကို သင့်အားကြိုတင်ဖော်ပြကြသူ၊ 
သင်၏အကြံပေးအရာရှိများသည်လာ၍ သင့်ကိုကယ်ကြပါလေစေ။ 
 14 ``သူတို့သည်ဖွဲကဲ့သို့ဖြစ်၍မီးသည်သူတို့အား ကျွမ်းလောင်စေလိမ့်မည်။ 
သူတို့သည်မိမိတို့ကိုယ်ကိုပင်ကယ်နိုင် ကြလိမ့်မည်မဟုတ်။ 
မီးလျှံများသည်ပူနွေးရန်လှုံသည့်မီးမျိုး မဟုတ်ဘဲ၊ သူတို့အတွက်အပူလွန်၍နေလိမ့်မည်။ 
 15 သင်တစ်သက်လုံးတိုင်ပင်ခဲ့သည့်နက္ခတ်ဆရာ တို့၏ အကြံပေးချက်သည်လည်း၊ 
ဤအတိုင်းပင်သင့်အားဖြစ်စေလိမ့်မည်။ 
ထိုသူအပေါင်းတို့သည်သင့်ကိုထားခဲ့၍ မိမိတို့သွားလိုရာသို့ထွက်သွားကြလိမ့်မည်။ 
သင့်ကိုကယ်ရန်မည်သူတစ်ယောက်မျှကျန်ရစ်ခဲ့ လိမ့်မည်မဟုတ်။''