127
ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်းကို ထောမနာပြုခြင်း3 * ဟေဗြဲခေါင်းစဉ်။ ရှောလမုန်စပ်ဆိုသည်။ 
 1 အကယ်၍ထာဝရဘုရားသည်အိမ်ကို 
ဆောက်တော်မမူလျှင်ဆောက်လုပ်သူတို့၏ လုပ်ဆောင်ချက်သည်အချည်းနှီးဖြစ်၏။ 
ထာဝရဘုရားသည်မြို့ကိုစောင့်တော်မမူ လျှင် 
ကင်းစောင့်တို့၏စောင့်ကြပ်မှုသည်အချည်းနှီးဖြစ်၏။ 
 2 အသက်မွေးဝမ်းကျောင်းမှုအတွက် နံနက်စောစောထ၍ 
ညဥ့်နက်သည်တိုင်အောင်ပင်ပန်းစွာအလုပ် လုပ်ရခြင်းသည်အချည်းနှီးဖြစ်၏။ 
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိချစ်တော်မူသောသူတို့အိပ်စက်နေစဉ် 
သူတို့လိုအပ်သောအရာများကို ပေးသနားတော်မူသောကြောင့်ဖြစ်၏။ 
 3 သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။ 
သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။ 
 4 အသက်ပျိုရွယ်စဉ်အခါရသော 
သားသမီးများသည်စစ်သူရဲ၏လက်တွင်ရှိသော မြားများနှင့်တူကြ၏။ 
 5 ဤသို့သောမြားမြောက်မြားစွာရှိသူသည် မင်္ဂလာရှိ၏။ 
သူသည်ရန်သူများနှင့်တရားရုံးတွင် ရင်ဆိုင်သောအခါအရေးရှုံးနိမ့်လိမ့်မည် မဟုတ်။