128
ထာဝရဘုရား၏စကားတော်ကို နားထောင်ခြင်း၏အကျိုး 
 1 ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ 
ကိုယ်တော်၏နည်းလမ်းတော်များနှင့်အညီ ကျင့်ကြံပြုမူသူများသည်မင်္ဂလာရှိကြ၏။ 
 2 သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ 
သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။ 
 3 အိမ်တွင်း၌သင်၏ဇနီးသည်အသီးနှင့်ပြည့်သော စပျစ်ပင်ကဲ့သို့လည်းကောင်း၊ 
စားပွဲပတ်လည်ရှိသင်၏သားများသည်လည်း 
စိုက်ပျိုးထားသောသံလွင်ပင်ပျိုများ ကဲ့သို့လည်းကောင်းဖြစ်လိမ့်မည်။ 
 4 ထာဝရဘုရား၏စကားတော်ကို 
နားထောင်သောသူသည်ဤနည်းအတိုင်း အမှန်ပင် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။ 
 5 ဇိအုန်တောင်တော်ပေါ်မှထာဝရဘုရားသည် သင့်ကိုကောင်းချီးမင်္ဂလာပေးတော်မူပါစေသော။ 
သင်သည်အသက်ရှင်သမျှကာလပတ်လုံး 
ယေရုရှလင်မြို့၏ဝပြောစည်ပင်နေသည်ကို တွေ့မြင်ရပါစေသော။ 
 6 သင်သည်မြေးများရရှိလာသည်တိုင်အောင် အသက်ရှည်ပါစေသော။ 
ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။