60
ကယ်ဆယ်တော်မူရန်ဆုတောင်းပတ္ထနာ16 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်သည်မေသောပေါတာမိနှင့် ဇောတမှလူတို့ကိုတိုက်ခိုက်၍ယွာဘသည် ပြန်လှည့်၍ဧဒုံအမျိုးသားတစ်သောင်းနှစ် ထောင်တို့ကိုဆားချိုင့်တွင်သတ်ပြီးနောက် သွန်သင်ရန်ဒါဝိဒ်စပ်ဆိုသောဆာလံ။ 
 1 အို ဘုရားသခင်၊ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စွန့်ပစ်တော်မူ၍အရေးရှုံးနိမ့်စေတော်မူပါပြီ။ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အမျက်ထွက်တော်မူပါပြီ။ 
သို့ရာတွင်ယခုကျွန်တော်မျိုးတို့ထံသို့ ပြန်၍ကြွတော်မူပါ။ 
 2 ကိုယ်တော်ရှင်သည်ပြည်တော်ကိုသိမ့်သိမ့်တုန် စေ၍ ကွဲအက်စေတော်မူပါပြီ။ 
ပြည်တော်သည်ပြိုကွဲလျက်ရှိသဖြင့် ကွဲအက်ရာများကိုပြုပြင်တော်မူပါ။ 
 3 ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အတိဒုက္ခရောက်စေတော်မူပါပြီ။ 
ကျွန်တော်မျိုးတို့အားသေသောက်ကူး သူများသဖွယ်ယိမ်းယိုင်စေတော်မူပါပြီ။ 
 4 ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေသူတို့ သည် 
အပြစ်ဒဏ်လွတ်မြောက်စေရန်သူတို့အား ကိုယ်တော်သတိပေးတော်မူပါပြီ။ 
 5 ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ 
ချစ်တော်မူသောသူတို့သည်ကယ်ဆယ် ခြင်း ခံရကြစေရန်ကျွန်တော်မျိုးတို့၏ 
ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပါ။ 
 6 သန့်ရှင်းရာဌာနတော်မှထာဝရဘုရား က``ငါသည် အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်းခြားမည်။ 
သုကုတ်ချိုင့်ဝှမ်းကိုငါ၏လူစုတော်အား ခွဲဝေပေးမည်။ 
 7 ဂိလဒ်ပြည်ကိုငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ 
ဧဖရိမ်ပြည်သည်ငါ၏မကိုဋ်ဖြစ်၍ ယုဒပြည်ကားငါ၏ရာဇလှံတံဖြစ်၏။ 
 8 သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးခွက်အဖြစ်ဖြင့်လည်းကောင်း၊ 
ဧဒုံပြည်ကိုငါ၏ဖိနပ်ချွတ်အဖြစ်ဖြင့် လည်းကောင်း အသုံးပြုမည်။ 
ဖိလိတ္တိပြည်သည်ငါ့ကိုအနိုင်ရ၍အောင်သံ ဖြင့် 
ကြွေးကြော်နိုင်မည်ဟုထင်မှတ်သလော'' ဟု မိန့်တော်မူ၏။ 
 9 အို ဘုရားသခင်၊ 
ခိုင်ခံ့လုံခြုံသည့်မြို့တွင်းသို့အဘယ်သူသည် ကျွန်တော်မျိုးအားခေါ်ဆောင်သွားပါမည် နည်း။ 
အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံပြည် သို့ ပို့ဆောင်ပါမည်နည်း။ 
 10 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အကယ်ပင် စွန့်ပစ်တော်မူပါပြီလော။ 
ကျွန်တော်မျိုးတို့၏စစ်တပ်များနှင့်အတူ ချီတက်တော်မမူဘဲနေပါမည်လော။ 
 11 ရန်သူကိုတိုက်ခိုက်နိုင်ရန်ကျွန်တော်မျိုးတို့အား ကူမတော်မူပါ။ 
လူသားတို့၏အကူအညီသည်အချည်းနှီး ဖြစ်ပါ၏။ 
 12 ငါတို့၏ဘက်တွင်ဘုရားသခင်ရှိတော်မူလျှင် ငါတို့သည်အောင်မြင်ကြလိမ့်မည်။ 
ကိုယ်တော်သည်ငါတို့၏ရန်သူများကို နှိမ်နင်းတော်မူလိမ့်မည်။ 
16^ * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်သည်မေသောပေါတာမိနှင့် ဇောတမှလူတို့ကိုတိုက်ခိုက်၍ယွာဘသည် ပြန်လှည့်၍ဧဒုံအမျိုးသားတစ်သောင်းနှစ် ထောင်တို့ကိုဆားချိုင့်တွင်သတ်ပြီးနောက် သွန်သင်ရန်ဒါဝိဒ်စပ်ဆိုသောဆာလံ။