63
ဘုရားသခင်အားတမ်းတခြင်း19 * ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်သည်ယုဒပြည်သဲကန္တာရ၌ရှိနေစဉ် စပ်ဆိုသောဆာလံ။ 
 1 အို ဘုရားသခင်၊ 
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ 
ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ 
ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် 
မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။ 
 2 သန့်ရှင်းရာဌာနတွင်ကိုယ်တော်ရှင်အားဖူး မြော်ခွင့်ကို ကျွန်တော်မျိုးအားပေးတော်မူပါ။ 
ကိုယ်တော်ရှင်၏တန်ခိုးတော်နှင့် 
ဘုန်းအသရေတော်ကိုဖူးမြော်ခွင့်ပေးတော်မူပါ။ 
 3 ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် အသက်ထက်ကောင်းမြတ်ပါ၏။ 
သို့ဖြစ်၍ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ 
 4 ကျွန်တော်မျိုးသည်အသက်ရှင်သမျှကာလ ပတ်လုံး ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။ 
လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါမည်။ 
 5 ကျွန်တော်မျိုး၏ဝိညာဉ်သည်ချိုမြိန်သည့်အစာကို စားသုံးရသူကဲ့သို့ကျေနပ်ရောင့်ရဲလျက်နေ ပါမည်။ 
ကိုယ်တော်ရှင်အားဝမ်းမြောက်စွာထောမနာ သီချင်းဆိုပါမည်။ 
 6 ကျွန်တော်မျိုးသည်အိပ်ရာပေါ်တွင် လဲလျောင်းလျက်နေစဉ် 
ကိုယ်တော်ရှင်အားအောက်မေ့သတိရပါ၏။ 
တစ်ညဥ့်လုံးကိုယ်တော်ရှင်၏အကြောင်းကို စဉ်းစားဆင်ခြင်လျက်နေပါ၏။ 
 7 အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် 
ကျွန်တော်မျိုးအားအစဉ်အမြဲကူမ တော်မူသောကြောင့်ဖြစ်ပါ၏။ 
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ 
အတောင်တော်အရိပ်အောက်၌ခိုလှုံလျက် ဝမ်းမြောက်စွာသီချင်းဆိုပါ၏။ 
 8 ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားမှီတွယ် ပါ၏။ 
ကိုယ်တော်ရှင်၏လက်ရုံးတော်သည်လည်း 
ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံစွာထား တော်မူပါ၏။ 
 9 ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် မရဏာနိုင်ငံသို့သက်ဆင်းကြရပါလိမ့် မည်။ 
 10 သူတို့သည်စစ်ပွဲတွင်ကျဆုံးကြရ၍ သူတို့၏ 
ရုပ်အလောင်းများကိုဝံပုလွေတို့ စားကြပါလိမ့်မည်။ 
 11 ဘုရားသခင်သည်မင်းကြီးအားအောင်ပွဲ ပေးတော်မူသဖြင့် 
မင်းကြီးသည်ဝမ်းမြောက်ပါလိမ့်မည်။ 
ထာဝရဘုရား၏နာမတော်အားဖြင့် 
သစ္စာကတိပြုသူအပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြလိမ့်မည်။ 
သို့ရာတွင်မုသားကိုသုံးသောသူတို့၏ နှုတ်များမူကားပိတ်လျက်နေရလိမ့်မည်။